
တိမ်တွေပြိုနေပြီအမေ..
အလင်းတွေ ညိုမှိုင်း
တိုက်နေတဲ့လေတွေတောင်
ခါးသီးနေရဲ့...
ကြည့်ပါအုံးအမေ..
ယိမ်းရမယ့် ပင်စည်
မြေကိုခလို့
ငြိမ်သက်နေရဲ့...
လှိုင်းတွေထနေပြီအမေ..
ကူးသူမရှိတဲ့ ဒီပင်လယ်
သွေ့ခြောက်လို့
ပူအိုက်နေလေရဲ့...
လုံခြုံမူကမ်းမဲ့နေပြီအမေ..
ုအေးချမ်းမဲ့နိုင်ငံ
ကျည်သံတွေအပြည့်နဲ့
ပြေးလွားနေလေရဲ့...
သိမ်ငယ်လိုက်တာအမေ..
လူချင်းတူပေမဲ့
ဖွေရှာပါတယ် မိဘ
မေတ္တာခေါင်ပါးလိုက်လေရဲ့...
ခံစားလိုက်ရတာအမေ..
မလိုချင်ပါဘူးဆိုတဲ့ ဒီအရာ
ခန္ဓာမှာလာစွဲကပ်
ဖြေစရာဆေးမရှိလေရဲ့...



